Wednesday, June 18, 2008

သူ့ကျွန်မခံ

သူတော်လှန်ခဲ့

ရဲရဲတောက်တဲ့

ဒို့ဇာနည်

ပြည်သူချစ်တဲ့

ဗိုလ်ချုပ်အောင်ဆန်း။


စစ်ကျွန်မခံ

သူတော်လှန်နေ

ရဲရဲတောက်တဲ့

ဒို့ ဇာနည်

ဒေါ်အောင်ဆန်းစုကြည်။


ဗိုလ်ချုပ်အောင်ဆန်းရဲ့

မျိုးဆက်သစ်

ပြည်သူတွေရဲ့

အနာဂတ် လမ်းပြကြည်

သူ့တစ်ကိုယ်စာ

သူမလင်း

တစ်ပြည်လုံး ကို

သူဆောင်ကြဉ်းခဲ့တယ်။


ဒါဟာ တို့ခါင်းဆောင်၊

ဒို့အာဇာနည်

၊ဒို့ သူရဲကောင်း

တစ်မိပေါက်မှာ

တစ်ယောက်ထွန်းတဲ့

တောက်တောက်လင်းတဲ့

အာဇာနည်။


တိုင်းချစ်၊ ပြည်ချစ်၊

ပြည်သူချစ်တဲ့

ဒေါ်အောင်ဆန်းစုကြည်။

ကျန်းမာစေကြောင်း

ဆုမွန်ကောင်းတောင်း

အောင်နိုင်စေကြောင်း

တောင်းဆုပြုကြောင်း

လွတ်မြောက်စေကြောင်း

ဆုတောင်းခြင်းဖြင့်

ဦးညွတ်ဂုဏ်ပြုလျှက်။


၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းဆုကြည်မွေးနေ့အား သက်တော်ရာကျော်ရှည်စေကြောင်း ဆုတောင်းဂုဏ်ပြုရင်း……………..။

0 Comments:

Post a Comment