Wednesday, November 18, 2009

ချစ်သူရေ..
သံယောဇဉ် နှောင်ကြိုးတွေ
အထပ်ထပ် အခါခါရစ်ပတ်
အချစ်ဆိုတာနဲ့ပတ်သက်လာတော့
အကြင်နာတွေပါထပ်ကာတိုး
အလွမ်းမိုးတွေတောင်ဆွေရပြီ…။

အချစ်ရဲ့စာမျက်နှာအဆုံးမှာ
အမုန်းရှိသည်တဲ့..။
အကြင်နာတွေရဲ့ အခြားတစ်ဖက်မှာလည်း
နာကျင်မှုတွေက စောင့်ကြိုနေတယ်တဲ့..။
အလွမ်းတွေရဲ့ နိဂုံးကျတော့
မဆုံးနိုင်တဲ့ တမ်းတမှုတွေ ရှိတယ်တဲ့..။


ချစ်သူ..
အချစ်တွေ၊ ကြင်နာမှုတွေ၊ အလွမ်းတွေရဲ့
ဆန့်ကျင်ဖက် စာမျက်နှာ
ဘယ်လိုအားအင် ဘယ်လိုစိတ်ဓာတ်
တို့ဖတ်ရဲပါ့မလဲ..။

ဒါကြောင့် ရှိနေတဲ့ သံယောဇဉ်
ငင်နေတဲ့ နှောင်ကြိုးအပေါ်
ဥပေက္ခာပွား မထားခဲ့ပါနဲ့ ချစ်သူ…။


ရွက်စိမ်း

;;