Wednesday, June 18, 2008

အလွမ်း

ရွက်ဟောင်းတွေ

ကြွေပြီးတော့

ရွက်သစ်လေးတွေ

ဝေနေကြတဲ့ မိုးရာသီထဲမှာ

ငါ့နှလုံးလေးက

အစိုးမရခြင်းတွေနဲ့

မင်းကို ငါလွမ်းနေမိတယ်……………॥။


ဘာကြောင့်လဲ လို့တော့

မမေးပါနဲ့

အလွမ်းရဲ့ အဓိပ္ပါယ်ကို

ငါကိုတိုင် မဖွင့်ဆို တတ်လို့ပါ……॥။


ဘယ်လောက်လဲ လို့လဲ

မမေးပါနဲ့

အလွမ်းတွေအတွက်

စံချိန်မှီအောင်

ရေးဖွဲ့သီကုံးနိုင်မဲ့

စကားလုံးမျိုး မရှိလို့ပါ…………।။


အလွမ်းတွေရဲ့

အမြင့်ဆုံး ဒီဂရီကို

တိုင်းတာပြစရာ

ဂဏာန်းပုဒ်စာ မရှိလို့ပါ…………।။


အလွမ်းတွေရဲ့

ကျယ်ပြန့် နက်ရှိုင်းမှုကို

နှိုင်းယဉ်ပြစရာ

ဥပမာ မရှိလို့ပါ……………။


တကယ်တော့…

မင်းသိသင့်တာ က

ငါ့ရဲ့အလွမ်းတွေထဲမှာ

ရယူလိုခြင်း

ပူပြင်းတဲ့ အတ္တတွေ

ကင်းနေတယ်ဆိုတာကို ………॥။


ပြီးတော့ …

အလွမ်းတွေ ထဲမှာ

ပေးဆပ်နားလည်မှုတွေနဲ့

ယှဉ်တွဲတဲ့ မေတ္တာ

ထာဝရ ဖြူစင်တယ် ဆိုတာကို …………။

လွေးရွက်စိမ်း

0 Comments:

Post a Comment