Thursday, June 12, 2008

မေမေ

နှုတ်နဲ့လည်းပြောပြခွင့်မရခဲ့

စာနဲ့လည်း ပို့ခွင့်မကြုံတဲ့

ချစ်သမီးရဲ့ ရ့င်ထဲက

စကားလုံးပြောပေါင်းများစွာကို

မေမေကြားနိုင်လိမ့်မယ်လို့

ရင်ထဲက အလိုလိုယုံကြည်မိပါတယ်။



ချစ်သမီးအတွက်

စိုးရိမ်ပူပန်တတ်လွန်းတဲ့

မေမေရဲ့ အမူအရာတွေ

ဆိုးပေလွန်းတဲ့ ချစ်သမီးကို

ဆူပူတတ်တဲ့ မေမေရဲ့

ဂရုဏာ ဆဲဆိုသံတွေ

သမီးမြင်ယောင်လွမ်းမိပါတယ် မေမေ။

ခုဆိုရင်

သမီးလေး ဘယ်အရပ်ကို ရောက်လို့

ဘယ်လိုများနေရှာမလဲ ဆိုတဲ့

စိုးရိမ်မှုတွေနဲ့ ပူပန်နေမဲ့

မေမေအတွက်

သမီး စိတ်မကောင်းခြင်းနဲ့အတူ

ရင်ထဲမှာ

တောင်းပန်နေမိတယ် မေမေ။

ဒါပေမယ့်

သမီးအခု လျှောက်လှမ်းနေတဲ့

ဘ၀ပန်းတိုင်ကို

သိနိုင်ခဲ့မယ်ဆိုရင်

မေမေကျေနပ်မယ် လို့

သမီးထင်ပါတယ်။

သမီးလေ

မေမေတို့အပါအ၀င်

မြန်မာပြည်တစ်ခုလုံးအတွက်

ဒီခေတ်ဆိုး ခေတ်ပျက်ကြီးထဲမှာ

ပြည်သူတွေခံစားနေရတဲ့

ဒုက္ခဆင်းရဲက

လွတ်မြောက်နိုင်ဖို့

တစ်ထောင့်တစ်နေရာက

သမီးပါဝင်နေတယ်ဆိုတာ

မေမေသာသိခဲ့မယ်ဆိုရင်………။

လွေးလှားညိုဝ်း

1 Comment:

  1. ရွှေညာသား said...
    ထိုကဗျာလေးဖတ်ပြီး ခံစားသွားပါတယ် ဗျာ
    လာလယ်ပါတယ် ကျေးဇူးတင်တယ်ဗျို့
    စာတွေဖတ်လို့ကောင်းတယ်

Post a Comment