မိုးစက်လေးတွေရယ်
နှစ်ကိုယ်တူယှဉ်တွဲ
ကြည်နူးခဲ့တဲ့ အတိတတ်က
ပုံရိပ်တွေကို
မေ့မရခြင်းနဲ့အတူ
သတိရလွမ်းဆွတ်မှုတွေကို
မင်းက
ကိုယ့်ဆီကိုရောက်အောင်
သယ်ဆောင်လာခဲ့ပြီပဲ။
တချိန်တုန်းက
အမှတ်တမဲ့အဖြစ်
မိုးစက်တွေထဲမှာ
မင်းနဲ့အတူ
ပျော်ခဲ့တာတွေဟာ
ခုတော့
မမျော်လင့် ဘဲနဲ့
အရာအားလုံးဟာ
အမှတ်တရ ဖြစ်ခဲ့ရပြီလေ။
အနာဂတ် မြို့တော်သစ်ဆီကို
နှလုံးသားဗလာ
အကြင်နာမဲ့နေတဲ့
ဦးနှောက်ရဲ့ဦးဆောင်မှုတွေနဲ့
ကြိုးစားလျှောက်လှမ်းရင်းနဲ့
အတိတ်ရဲ့ မြို့ပျက်ဟောင်းဆီက
ဝေဒနာ၊ ဒဏ်ရာဟောင်းတွေကို
လွမ်းမောတမ်းတခြင်းနဲ့အတူ
ချစ်ခြင်းတွေအပြည့်နဲ့
နှလုံးသားလေး တစ်စုံတော့
အမှတ်မထင် ကျန်ရစ်ခဲ့ပြီ။
တို့နှစ်ယောက်ရဲ့ အချစ်တွေနဲ့
တည်ဆောက်ခဲ့တဲ့
နှလုံးသားမြို့တော်လေး
ခုတော့ နာကျင်မှုဝေဒနာတွေ
ပြင်းရှတဲ့ဒဏ်ရာတွေနဲ့အတူ
အထီကျန်ခြင်းက
လက်ဝါးကြီးအုပ်သွားခဲ့တယ်။
အတိတ်ရဲ့ မြို့တော်ဟောင်းကို
မင်းရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်
ရေရာမှုမရှိတဲ့ ထင်မြင်ချက်တွေနဲ့အတူ
စာနာမှုဆိုတာကို ဥပေက္ခာပြု
ချစ်ခြင်းဆိုတာကို
အစားမှုတွေနဲ့မေ့ပစ်
သစ္စာတရားကို
စက္ကူလေးတစ်ရွက်လို
စုတ်ဖြဲပြီးတော့
ထွက်ခွာသွားခဲ့တယ်နော်။
တို့ကတော့
မင်းထားခဲ့တဲ့ ဒဏ်ရာ
မင်းပေးခဲ့တဲ့ ဝေဒနာတွေကို
ထွေးပွေ့ရင်းနဲ့
ခံစားချက်မဲ့စွာ
မရေရာတဲ့ဘဝ
မသေချာတဲ့
အနာဂတ်ဆီကို
စက်ရုပ်တစ်ရုပ်လို
အတိတ်နန်းတော်ဟောင်းဆီိကို လည်း
လည်ပြန်ကြည့်ရင်းနဲ့
အနာဂတ် နန်းတော်သစ်ဆီကိုလည်း
လျှောက်လှမ်းနေတယ်လေ
မိုးစက်လေးတွေနဲ့အတူပေါ့။
ဒါကို
မိုးရာသီရောက်တိုင်း
အချိန်မှန် ပုံမှန်ရောက်လာတတ်တဲ့
မိုးစက်လေးတွေက
အသိပါ။
တို့ကလည်း မိုးစက်လေးတွေကို
မြင်နေသရွေ့
ဘယ်တော့များမှ
မင်းကိုမေ့နိုင်မှာလဲ။
မိုးစက်လေးတွေရေ…
ပြောပြနိုင်ရင်
ပြောပြပေးလိုက်ပါကွာ။
Labels: ကဗျာ