Monday, April 14, 2008

"ကို"

ကို

မေ့အမြင် မေ့အထင်မှာလေ
ပင်လယ်ပြာပြာတွေ စိမ်းကုန်ပြီနော်

တောတန်းစိမ်းစိမ်းတွေလဲ
အနီရောင်ပြောင်းကုန်ပြီ

ပြာလွင်နေတဲ့ ကောင်းကင်ကြီးလဲ
မိုးတိမ်တွေနဲ့  မည်းမှောင်နေခဲ့

လောကကြီထဲမှာလေ
ခဏတာ တိတ်ဆိတ်လို့ 
အားလုံးနဲ့  အဆက်ပြတ်သွားခဲ့တယ်လေ
ကိုက မေ့ကို ကျောခိုင်းပြီးထားခဲ့တဲ့ အချိန်မှာပေါ့။

ဒါပေမယ့် ……………………….
ဒါတွေဟာ လောကကြီးရဲ့
ဖြစ်ပျက်နေတဲ့ သဘောတရား
တစ်ခုပါလား ဆိုတဲ့
အသိတွေ ပြန်လည်နိုးကြားလာခဲ့

အရာအားလုံး ပြောင်းလဲနေပေမယ့်
မေ့ရဲ့နှလုံးသားထဲက ကို့ ကိုချစ်တဲ့ အချစ်တွေဟာ
ပြောင်းလဲမှာ မဟုတ်ပါဘူး။
ယုံကြည်စေချင်တယ် ကို။

0 Comments:

Post a Comment