Sunday, April 13, 2008


အကျည်းတန်ခဲ့တဲ့ ဒီသင်္ကြန်

အတူပျော်မြူးဖို့  ရည်စူးခဲ့တဲ့ ဒီသင်္ကြန်
ကံကြမာ လှည့်ကွက်ထဲ
မမျော်လင့်ဘဲ တို့ နှစ်ယောက်
တစ်ယောက်တစ်နေရာစီ
ရောက်နေခဲ့ပြီ။

အာဒံနဲ့  ဧ၀ပျော်မြူးခဲ့တဲ့
ဥယဉ်ထက်တောင်မှ
ပိုလှတဲ့
စိတ်ကူးယဉ်မှုတွေဟာ

ခုတော့ ………………………

ကြယ်ရောင်၊လရောင်တွေ
ပျောက်နေတဲ့ လကွယ်ညမှာထက်
ပိုပြီးတော့ အကျည်းတန်ခဲ့ပြီလေ။

0 Comments:

Post a Comment