Sunday, April 20, 2008

သင်္ကြန်

သင်္ကြန်ရယ် …………………..။

လူတွေရဲ့ ခံစားချက်တွေကို အမျိုးမျိုးဖြစ်အောင် ဖန်တီးနိုင်စ္စမ်းတဲ့ တန်ခိုးရှင် လိုပါပဲလား။

သင်္ကြန်ချိန်နှစ်သစ်ကူး မှာ ဆိုရင် ချစ်သူစုံတွဲတွေ၊ မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ ညီကိုမောင်နှမတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေဟာ တူရွင်ကြည်နူး ပျော်မြူးကြတဲ့ နေ့ရက်တွေပါ။

လူတိုင်းထဲက အများစုကတော့ ပျော်စရာကောင်းတဲ့ နှစ်ကူးသင်္ကြန်ဆိုတာကို လက်ခံကြတယ် ။ တကယ်လည်း ပျော်ရွင်စဖွယ်ကောင်းတဲ့ နှစ်သစ်ရဲ့ မင်္ဂလာပါ။ ဌက်ငယ်လေးတွေလည်း ချိုတေးသံသာ သီကျူးကြ၊ ဘိုးဘွားတွေကတော့ တရားရိတ်မှာ ငြိမ်းချမ်းစွာနဲ့ ခိုလှုံကြတယ်။လူငယ်တွေကလူငယ်အလိုက် ပျော်ကြတယ်၊ ရပ်ရွာရဲ့ဓလေ့တွေကို ဖော်ကျူးကြတယ်။ လူတိုင်းကိုယ်စီ ပျော်စရာ၊ ငြိမ်းချမ်းစရာ၊ ရင်ခုန်သံတွေနဲ့အတူ သင်္ကြန်ဆိုတဲ့ နှစ်ဦးကို ကြိုဆိုကြတယ်။

ဒါပေမယ့် ……………..

အဲဒီအဖြစ်အပျက်တွေနဲ့ ဆန့်ကျင်ဘက်မှာ ငိုကြွေးဝမ်းနည်းနေကြသူတွေလည်း များပြားစွာရှိနေကြတယ်လေ တို့အပါအ၀င်ပေါ့။ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ၊ခင်သူတွေနဲ့ခွဲခွာနေရတဲ့ သူတွေရဲ့ ရင်ထဲမှာ ပျော်ရွင်မှုဆိုတာ ရနိုင်ပါ့မလား။ မိဘမဲ့နေတဲ့ ရင်သွေးငယ်တွေ၊ ရောဂါဝေဒခံစားနေရသူတွေ၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေ ရဲ့ရင်ထဲက ကြေကွဲဝမ်းနည်းမှုတွေ၊ ပူဆွေးမှုတွေ၊ သောကတွေနဲ့တောက်လောင်နေတာ ဘယ်မှာငြိမ်းချမ်းပါ့မလဲ။ ဘယ်မှာပျော်ရွင်ပါ့မလဲ။

နောက်ပြီးတော့ ဆာလောင်လို့ငိုကြွေးနေကြတဲ့ကလေးလေးတွေ၊ ငတ်ပြတ်နေတဲ့လူတွေရဲ့ ညည်းငြူသံတွေ၊ ငြိမ်းချမ်းမှုကိုတောင်းဆိုနေကြတဲ့သူတွေရဲ့ဟစ်ကြွေးသံတွေ၊ နောက်ပြီးတော့ သွေးဆာနေကြတဲ့ လူရမ်းကားမိတ်စာကောင်တွေရဲ့ လောဘ၊ ဒေါသ၊ မောဟမီးတွေဟာ လူတွေအတွက် ပျော်ရွင်မှုအစား ကြေကွဲမှု၊ နာကြည်းမှု၊ မုန်းတီးမှုတွေ၊ ရန်ငြိုးတွေကို ဆောင်ကြည်းပေးနေရဲ့လေ။

0 Comments:

Post a Comment