ငါ့ရဲ့ကောင်းကင်ကြီး
တစ်ခုလုံး
တိမ်ညိုတွေ စွဲပြီး
မိုးတွေစွေရွာခဲ့တယ်………။
ဘ၀ရဲ့ ဘ၀ထဲမှာ
အခါးသီးဆုံး နေ့တစ်နေ့
မေ၂၄ ဆိုတဲ့
စနေနေ့မှာ ဖြစ်ခဲ့တယ်॥။
စိုင်းစိုင်းရဲ့
ဖေဖော်ဝါရီ ၂၄ဆိုတဲ့
သီချင်းတစ်ပုဒ်ကို
အမှတ်မထင် သတိရမိပါရဲ့
လျက်တပျက်အတွင်းမှာပေါ့॥။
အမှတ်တရနေ့တွေ များထဲက
ခါးသီးတဲ့ အမှတ်တရနေ့
ပျော်ရွင်မှုဆိုတာ ဆိတ်သုန်း
နှလုံးသား တစ်ခုလုံး
ကြေမွသွားခဲ့တဲ့
မေ ၂၄မှာပေါ့…………।။
အဲဒီနေ့မှာပေါ့
နေပူပူကြီးထဲမှာ
ငါ့အတွက်တော့
နေရောင်ပျောက်
လမ်းပျောက်နေတဲ့ သူပေါ့။
အဲဒီညမှာပေါ့
လသာသာ
ကြယ်တွေ စုံရက်နဲ့
ငါ့အတွက်
လရောင်ကင်းမဲ့တဲ့
လမိုက်ည ဖြစ်ခဲ့ပေါ့။
အဲဒီချိန်မှာပဲပေါ့
သာယာတဲ့ ကျေးဌက်တွေရဲ့
တွန်ကျူးသံတွေလည်း
ဌက်ဆိုးထိုးသံလို
အကျဉ်းတန်ခဲ့ပြီလေ…။
အဲဒီနေ့မှာပဲပေါ့
လူတွေရဲ့ ပျော်ရွင်ရယ်မောသံ
ငါ့အထင်မှာ
လှောင်ရယ်သံတွေ
ထင်မှတ်ခဲ့တယ်လေ………॥။
ဒါတွေ ဒါတွေယာ ……………………..
မင်းငါ့ကို ထာဝရ စွန့်ပစ်ထားခဲ့တဲ့ မေ ၂၄မှာပေါ့။
Labels: ကဗျာ