စိမ်းလမ်းစိုပြေနေတဲ့
လယ်ကွင်းပြင်တွေရယ်
ပတ်ပတ်လည်မှာ ၀န်းရံနေတဲ့
တောင်ပြာတန်းတွေနဲ့အတူ
အပြာရောင် ကောင်းကင် တစ်နေရာရဲ့
အောက်မှာ
ဓနိ၊ သက်ကယ် အမိုးနဲ့
ဝါးထရံတွေကာထားတဲ့
တဲသာသာ အိမ်ငယ်လေးတစ်လုံးရယ်ပါ……………။
လသာတဲ့ ညတွေမှာ
ခေါင်မိုးပေါ်ကို မော့ကြည့်လိုက်ရင်
ကြယ်တွေ၊ လတွေကို ထွင်းဖောက်ပြီးတော့
ကြည့်မြင်နိုင်သေးရဲ့နော်……………………।။
ခပ်မှိန်မှိန် ဖရောင်းတိုင်ငယ်လေးရဲ့
အလင်းရောင်အားကို အားပြုရင်း
မုန်ညင်းရွက်ကို ရေလုံပြုတ် ပြီးတော့
ပဲပုပ်ကို ငရုပ်သီးနဲ့ထောင်းကာ
လက်ဆေးပြီးတော့ အပြုံးတွေဖလှယ်ရင်း
အားပါးတရစားနေတဲ့
မိသားစုရဲ့ ထမင်းဝိုင်း တစ်ခုပါ……………।။
တီတီတာတာ ပြောနေကြတဲ့
ကလေးတွေရဲ့ ချစ်စရာ ချိုတေးသံသာ ကိုလည်း
အမြဲလိုလို ကြားနေရမြဲပါ…။
မနက်တိုင်း အာရုံမတိုင်မီကတည်းက
ဖွင့်နေကြတဲ့ မေမေရဲ့ မေတ္တာပို့ အမျှဝေသံကိုလည်း
ကြားနေမြဲပါ…………॥။
နောက်ပြီးတော့
အိမ်ရဲ့ အောက်ဘက်မှာ
လယ်ကွင်းစိမ်းတွေကို ဖြတ်လျှောက်ရင်းနဲ့
တသွင်သွင်အမြဲလို စီးဆင်းနေတဲ့
ရွှေလီမြစ်ရေ ကိုလည်း
မြင်နိုင်ပါသေးတယ်……………………။
တိုက်တာ အဆောက်အအုံတွေနဲ့
ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်နဲ့အညီ
ညဘက်မှာ အမြဲတမ်း လင်းထိန်နေတတ်တဲ့
တရုတ်နိုင်ငံ ရွှေလီမြို့ကိုလည်း
စိတ်ချမ်းသာ စရာ ကြည့်ရှုနိုင်ပါသေးတယ်။
ညနေဆည်းဆာချိန်မှာ ဆိုရင်လည်း
ကောင်းကင်ပြာပြာထက်မှာ
တေးတွေသီဆိုနေတတ်ပြီးတော့
အော်ဟစ်ပျံသန်းနေတတ်တဲ့
ကျေးဌက် သာရကာ အပေါင်းကိုလည်း
ရင်သပ်ရှူမောဖွယ် တွေ့မြင်လိမ့်မယ်……।။
သဘာဝအလှတရားတွေနဲ့ ပြည့်စုံနေတဲ့
ကြည်နူးဖွယ်ရာ ရူခင်းသာလေးဟာ
ကျမကြီပြင်းရာ နေရာလေးပါ………॥။
ဒါပေမယ့် ခုတော့
ရွက်စိမ်း
Labels: ကဗျာ