ငါဟာ တစ်ကယ်တမ်းတော့ စိတ်ကူးနဲ့ ရူးနေတတ်တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ငါဘာလုပ်မိလဲ ဆိုတာကို ငါကိုယ်တိုင် မသိတဲ့ အဖြစ်ပါလား။
ငါမသိတဲ့ငါ
မင်းဆီက ကြင်နာယုယမှုတွေကို
အကြောင်းပြချက်မရှိဘဲ
မျော်လင့်နေမိတယ် ……။
မင်းဆီက ဂရုစိုက်မှုတွေကို
အကြောင့်မှန်းမသိဘဲနဲ့ လည်း
တောင့်တမိတယ် ……..။
မင်းဆီက အလိုလိုက်မှုတွေကိုလည်း
ဘာဖြစ်လို့
လိုချင်နေရတာလဲ ……..။
ပြီးတော့
ငါကရော ဘာကြောင့်
မင်းအတွက် အဲဒါတွေကို ပြန်ပြီးတော့
ပေးချင်နေမိတာလဲ ……..။
မင်းဆီက တုန့်ပြန်လာမဲ့
ဆန့်ကျင်ဘက် စကားလုံးတွေ
စိမ်းကားတဲ့ အကြည့်တွေ
သူစိမ်းဆန်တဲ့ အပြုအမှုတွေကို
ဘာကြောင့်မို့လို့ လက်ခံရမှာ
စိုးရွံ့နေရတာလဲ ……..။
ငါကရော ဘာကြောင့်  ……
မင်းကို အဲဒီလိုပြောဖို့
စကားလုံးတွေက ရှာမရတာလဲ။
မင်းကိုအဲဒီလို ဆက်ဆံဖို့ အပြုအမှုတွေ
ရှာလို့မရတာလဲ။
မင်းနဲ့ ခပ်ဝေးဝေးမှာ နေဖို့ရော
ငါ့မှာဘာကြောင့်
စွမ်းအားမရှိတာလဲ။
ငါ့ကိုငါလဲ
အကြိမ်ကြိမ် အခါခါ
အခေါက်ပေါင်းများစွာ
မေးခွန်းထုတ်ဖြေကြည့်ဖို့
ကြိုးစားခဲ့တယ်။
ဒါပေမယ့်
ငါ့မှာအဖြေမရှိဘူး
ဘကြောင့် ငါမဖြေနိုင်တာလဲ။
ဘာကြောင့် မသိတာလဲ။
တကယ်တော့
ငါဟာ ….
ငါ့ကိုငါတောင်မှ
မသိတဲ့ ငါပါလား
ဆိုတာကိုတော့
ငါသိလိုက်တယ်…………။
Labels: ကဗျာ