တစ်ချိတန်တစ်ခါတုန်းက ငါ့ရဲ့ မာနကြီးတဲ့ စိတ်ဓာတ်၊ အကြင်နာမဲ့ခဲ့တဲ့ နှလုံးသား ၊ ကောင်လေးတွေကို အထင်မကြီးဂရုမစိုက်တတ်တဲ့ နှလုံးသားတစ်စုံ ဒါတွေ ဒါတွေ အားလုံးကို မင်းပြောင်းလဲပေးခဲ့တယ်။ မင်းရဲ့ အချစ်စွမ်းအားတွေကြောင့် ငါကျေနပ်စွာ ပြောင်းလဲခဲ့တာပါ။
ငါ့ရဲ့ ဘ၀ထဲကို မင်းဝင်လာပြီးတော့ အချစ်ဆိုတာကို စာမျက်နှာ တစ်အနေနဲ့ မင်းသင်ပေးခဲ့တယ် ။ ဒါပေမယ့် အချစ်တို့ ရဲ့ ကုန်ဆုံးရာ နာကြည်းခြင်းစာမျက်နှာသုံးကိုတော့ မင်းသင်မပေးခဲ့တော့ ငါ့မှာ မင်းကို မမုန်းတတ်ဘူး၊ မမုန်းနိုင်ဘူးဖြစ်နေခဲ့တယ်။ မျော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ ငါမင်းကို လွမ်းခဲ့ ၊တမ်းတခဲ့တာပါ ဒါပေမယ့် အဲဒီမျော်လင့်ချက် အိပ်မက်လေးတွေဟာ မင်းရဲ့ “ လက်ထက်ပွဲ” တော်ကြီးကျင်းပခဲ့တဲ့ ရက်မှာ တစ်စစီ အစိတ်စိတ် အမွှာအမွှာကွဲကြေ သွားခဲ့တယ်။ ငါ့ရဲ့နှလုံးသားတစ်စုံနဲ့အတူပေါ့။
မင်းရဲ့ ပြောင်းလဲမှုတွေအတွက် ငါကျေနပ်ပါတယ် ဟာ ။ ၀မ်းမသာပေမယ့် ၀မ်းမနည်းမိအောင် ငါကြိုးပါတယ်။ မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ မဆုံးနိုင်တဲ့ အိပ်မက်ရှည်ကြီးကို မက်နေရတဲ့ ငါ့အတွက် အဲဒီအရာ လန့်နိုးစေခဲ့ပြီလေ။ ခုတော့ ပြီးပြီးပေါ့ ………………အရာအားလုံးဟာ ပြီးဆုံးသွားပြီလေ။ အဆုံးအတွက် ဆုံးသွားအောင် မသတ်တတ်ခဲ့တဲ့ ငါ့အတွက် မင်းကအဆုံးသတ်ပေးခဲ့တယ်။ ငါယုံကြည်ပါတယ် ဟာ မင်းငါ့အပေါ်မှာ သစ္စာမဲ့သွားတာမဟုတ်ပါဘူး နောက်တစ်ယောက်အပေါ်မှာ သစ္စာရှိသွားတာပါ။ မင်းရဲ့ သစ္စာတွေ ထာဝရတည်တံ့ခိုင်မြဲပါစေလို့ ငါတောင်းဆုပြုနေပါ့မယ်။
ငါဟာအမြဲတမ်းကျရှုံးနေသူ တစ်ယောက်ပါ မင်းနဲ့ပတ်သက်ခဲ့ရင်ပေါ့လေ။ ဆုံးရှုံးခြင်းကို ရင်ဆိုင်ခဲ့ရဖူးတဲ့သူတစ်ယောက်က နောက်ထပ်ဆုံးရှုံးမှုတွေအတွက် ထူးပြီးဝမ်းနည်းစရာမရှိဘူးဆိုပေမယ့် မင်းကို ထာဝရ စာအတွက် ဆုံးရှုံးပြီဆိုတာကို သိလိုက်ရတဲ့ အချိန်မှာတော့ ငါဟာကမ္ဘာပျက်မတတ်ခံစားခဲ့ရတာပါ။ အော်………….ခုတော့လည်း သတိရရုံကလွဲပြီးတော့ ပိုတဲ့ခံစားမှုတမ်းတမှုတွေထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူးလေ။ မင်းနဲ့ ပတ်သက်ခဲ့ဖူးတဲ့ အတိတ်ကစာမျက်နှာအားလုံးကို ချန်ထားခဲ့လိုက်ပြီ၊ ချန်ထားခဲ့ပါရစေ။ ဒါပေမယ့် တိုက်ဆိုင်မှုနဲ့အတူ သတိရခဲ့ရင်လည်း မင်းခွင့်လွတ်နိုင်လိမ့်မယ်လို့ ငါမျော်လင့်ပါတယ်။ အစားထိုးဖို့ (သို့) နောက်ထပ်အချစ်သစ်တစ်ခုကို လက်ခံဖို့ ငါ့နှလုံးသားက ငြင်းဆန်နေသေးသမျှတော့ မင်းကိုမေ့ပစ်ဖို့ ငါ့အတွက်ခက်ခဲပါလိမ့်မယ်။
ဒါပေမယ့် ငါဟာခုချိန်မှတော့ လွတ်လပ်မှုအပြည့်နဲ့ ပျော်ရွင်တဲ့ သူတစ်ယောက်တော့ဖြစ်ပါရစေ နှောင်ဖွဲ့မှုတွေ ကင်းကင်းနဲ့ပေါ့။ ငါလိုရာကို ပျံသန်းပါရစေ ။ ကျယ်ပြောလှတဲ့ကောင်းကင်ကြီးကို အစကနေ အဆုံးထိ ငါလွတ်လပ်စွာပျံသန်းခွင့်ပေးပါ။ ငါ့ရဲ့ အနာဂတ်၊ ပန်းတိုင်တွေနဲ့အတူပေါ့။ နောက်ပြီးတော့ ရှုပ်ထွေးလွန်းတဲ့ သံယောဇဉ်နှောင်ကြိုးတွေအားလုံးကို ငါဥပေက္ခာပြုထားခဲ့ပါရစေ။
အချစ်၊အမုန်း၊နာကြဉ်းမှုတွေ၊ကြေကွဲမှုတွေ၊ ခံစားမှုတွေ၊ လွမ်းဆွေးမှုတွေ အားလုံးမျက်ရည်နဲ့အတူ အားလုံးကို မေ့ထားခဲ့ပြီးတော့ လွတ်လပ်ပေါ့ပါးစား ငါ ပျံသန်းချင်ပါတယ်။
ကို ……..
အချစ်စာမျက်နှာ တစ်မှာ
မကုန်ဆုံးနိုင်တဲ့
အချစ်တွေရှိတယ်နော်။
အချစ်စာမျက်နှာ နှစ်မှာလည်းပဲ
မဟောင်းနွမ်းတတ်တဲ့
မပြောင်းလဲတတ်တဲ့
အကြင်နာမြတ်နိုးမှုတွေ
ရှိတယ်ဆိုတာ
ငါမတောင်းဆိုခဲ့မိဘူး။
ဒါပေမယ့်
မင်းက ငါ့ဘ၀ထဲ
ဝင်လာပြီးတော့
နှလုံးသား တခါးကို
အချစ်ဆိုတဲ့သော့နဲ့
ဖွင့်ရင်းနဲ့ ထားခဲ့တယ်နော်။
အဲဒီဘ၀ထဲမှာ
မင်းက အလွမ်းအဆွေးနဲ့
ကြေကွဲမှုမျက်ရည်တွေ
ထားခဲ့ပြီးတော့
မင်းပြန်သွားခဲ့တယ်နော်။
ကို………….
မေ့သွားလို့ထင်ရဲ့နော် ။
အရာအားလုံးကို
နာကြည်းမှုနဲ့အတူ
ရင်နာနာနဲ့မေ့နိုင်ဖို့
အမုန်းဆိုတဲ့
စာမျက်နှာသုံးကိုတော့
မင်းချန်ထားခဲတယ်။
တမင်တကာပဲ
သင်မပေးချင်လို့လား။
တကယ်ပဲမေ့သွားလို့လား
ကို ကိုယ်တိုင်ကရော
အဲဒီစာမျက်နှာသုံးဆိုတဲ့
အမုန်းကို
ကျေညက်နေပြီလား။
ဒါမှမဟုတ်
ကိုတိုင်မသိမတတ်ခဲတာလား။
သိခွင့်ရှိမယ်ဆိုရင်
သိပါရစေ ကိုရယ်။
လွေးလှားညိုဝ်း
Labels: ကဗျာ