Tuesday, May 20, 2008




ကောင်လေးအတွက် (၂)





ကောင်လေး…………………..

ဘ၀မှာ

ကိုဖြစ်ချင်နေတဲ့ အရာတစ်ခုနဲ့

ဖြစ်သင့်နေတဲ့အခြေအနေတစ်ခုမှာ

သီခြားစီဖြစ်နေခဲ့မယ်ဆိုရင်

မင်းဘာကိုရွေးချယ်မလဲ ……….။

ကောင်လေးရယ် ………

ငါက

အချစ်ဆိုတာဟာ

ဘ၀နဲ့ သီခြားစီလို့

ယုံကြည်လက်ခံနေတဲ့သူ….။

ဒါပေမယ့် မင်းက

အချစ်ဆိုတာဟာ ဘ၀ပဲလို့

အချစ်နဲ့ ဘ၀ကတစ်ထပ်ထည်းပဲလို့

ယုံကြည်လက်ခံထားတဲ့သူ ….။

ယုံကြည်မှုတွေ မတူညီနိုင်တဲ့

တို့နှစ်ယောက်ကြားမှာ

လေပြေလေးတစ်ချက်

ဝင်ယုံနဲ့

စကားလေးတစ်ခွန်း

မှားယုံနဲ့

အရာရာဟာ

စိမ်းသက်သွားနိုင်တယ်။

ဒီလိုအပြောကို

လွယ်လွယ်မင်းလက်မခံနိုင်မှန်း

ငါက သိနေပါတယ်။

ဒါပေမယ့်

အက်သွားတဲ့ နံရံ တစ်ချက်ကို

ပြန်လည်ဖာထေးရင်တောင်မှ

အက်ကြောင်းဆိုတာ

ရှိနေတာပဲ။

တို့နှစ်ယောက်ကြားက

လွဲမှားနေတဲ့

ယုံကြည်မှုကိုရော

ဘယ်လိုအရာတွေနဲ့

ပြုပြင်ဖာထေးရမလဲ...........။

အက်ကြောင်းကင်းကင်လေးနဲ့ပေါ့။

1 Comment:

  1. ADMIN said...
    တော်တော်ကို အာရုံသွင်းပြီး ခံစားရေးထားပုံရတယ်။ ကဗျာကိုမခံစားတတ်ပေမယ့် စာသားတွေကို နှစ်သက်မိပါတယ်။ ဒါနဲ့ညီမကို တစ်ခုပြောမလို့ ညီမပို့စ်နဲ့တော့ မဆိုင်ပါဘူး။ ညီမ အစ်ကို့ကိုပြောထားတာလေ။ တရားထိုင်တာနဲ့ပါတ်သက်လို့ပေါ့။ အဲ့ဒါ အစ်ကိုက အဲ့လောက် အတွင်းကျကျ မသိပါဘူး ပို့စ်တင်ရလောက်အောင်ပေါ့။ ဒါကြောင့် ညီမကို ပြန်လာပြောပြတာပါ။ ညီမသိချင်ရင် ဘာသာရေးနဲ့ပါတ်သက်ပြီး သီးသန့်ရေးတဲ့ ဘလော့တွေရှိပါတယ်။ အဲ့မှာလေ့လာတာမှ ဘာသာရေးနဲ့ပါတ်သက်လို့ သိချင်တာအားလုံး ညီမ သိရလိမ့်မယ်လို့ အစ်ကိုထင်တယ်။ ပို့စ်နဲ့ မဆိုင်တဲ့ ကွန်းမန့်အတွက် စာဖတ်သူများကို တောင်းပန်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Post a Comment