Tuesday, March 18, 2008






ဗုဒ္ဒ ရဲ့ ဓမ္မစက်

အာဏာစက်နဲ့ ပယ်ဖျက်မယ်လို့ 

ကမ္ဘာသိ စော်ကားခဲ့ပြီး

ဗုဒ္ဒသားတော်သံဃာတွေကိုသတ်

ကျောင်းသားလူငယ်တွေကိုသတ်

တတ်သိပညာရှင် မှန်ရင် အပြတ်ရှင်း

တိုင်းပြည်ကို ငတ်အောင်ထား

ဒီစစ်သားတွေက------။

ခေါင်ထိပ် တမတ်သား

စစ်တပ်ကယူထားပြီး

တကျပ်လုံး ထိန်းချုပ်ဖို့ 

ဖွဲ့ စည်းအုပ်ချုပ်ပုံ

စစ်ဥပဒေ ယုတ်နဲ့ 

တိုင်းပြည်ကို မီးလောင်ကျနေအောင် ဆက်လုပ်ဖို့ 

ပြည်သူ့ ဆန္ဒ ခံယူပွဲ ဆက်လုပ်မတဲ့----၊

ဒီဆန္ဒခံယူပွဲ မဲရုံသွားပြီး

ထောက်ခံမဲ ပေးမိတယ်ဆိုရင်

မိမိအသက်ထွက်သွားပြီးမှ

မိမိဝိဥာဉ်က မိမိကိုယ်ကို ပြန်ပြီး

အသုဘ လိုပ်ကို့ ရမယ့် အလုပ်

မိမ်ကိုယ်တိုင် လိုက်လုပ်သလို ဖြစ်နေမယ်။

အဲဒါကြောင့် ----

စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ

ငါတို့ ကန့် ကွက်မဲပေးရမယ်။

ဟိန်းနိုင် ( မန္တလေး) ၃- ၃- ၀၈

0 Comments:

Post a Comment