Saturday, June 28, 2008

ကောင်လေးရေ ………………॥


မထင်မှတ်ဘဲနဲ့

တွေ့ဆုံခြင်း ဆိုတဲ့

ကံတရားက

တို့နှစ်ယောက် ကို

တွေ့ဆုံစေခဲ့တယ် နော်……..။

မထင်မှတ်ဘဲနဲ့လည်း

ခွဲခွာခြင်း ဆိုတဲ့

ကံကြမ္မာက

တို့နှစ်ယောက်ကို

တစ်နေရာ စီ

ခွဲခွာစေခဲ့တယ်………………॥


ကောင်လေးရေ……………………………

နောက်ဆုံးရဲ့ ပန်းတိုင်က

ပေါင်းစပ်ခြင်းလား

နှုတ်ဆက်ခြင်းလား

ဆိုတာကိုတော့

ဘယ်သူမှ ကြိုမသိနိုင်ဘူး ကွယ်…….။


ကောင်လေးရေ …………………………….

ခွဲခွာခြင်း ဆိုတဲ့

အရာကို ငါမုန်းတယ်ကွာ….။

ငါက ငါ့ရဲ့

အချစ်ဆုံးချစ်သူကို

ခွဲခွာခဲ့ သူ

ငါသံယောဇဉ် ရှိတဲ့

သူက ငါ့ကိုပြန်ပြီး

ခွဲခွာသွားခဲ့ပြီလေ……………..။

ငါရင်းနှီးတဲ့ သူကိုလည်း

ငါထပ်ပြီးတော့

ခွဲခွာရဦးမယ်လေ……..။


ကောင်လေးရေ………………………

ပန်းတိုင်မရောက်မခြင်း

ခွဲခွာခြင်းတွေနဲ့

ပေါင်းသင်းနေရဦးမယ် ဆိုတာ

ငါသိနေတာပဲ……….။


ဒါပေမယ့်

ဘာကြောင့် အဲဒီအရာကို

ငါမုန်းနေရတာလဲ…။


ကောင်လေးရေ…………………………

ပန်းတိုင်ခြင်း တူနေပေမယ့်

သွားတဲ့လမ်းခြင်း

မတူညီတော့

ခွဲခွာခြင်းဆိုတဲ့ လမ်းကို

မုန်းတီးစွာနဲ့

ငါကိုတိုင်

လျှောက်လှမ်းနေရဦးမှာပါ…………။


ကောင်လေးရေ ……………………………

သွားနှင့်ဦးနော်

မင်းရဲ့ လမ်းခရီးကို

ငါလဲပဲ

သွားရဦးမယ် ငါ့လမ်းခရီးအတွက်။


လမ်းဆုံမှာ

နှုတ်ဆက်ကြပြီးတော့

ရှေ့ဆက်ကြဦးစို့နော်………..။

ပန်းတိုင်ရဲ့ လမ်းဆုံးမှာ

နှစ်ယောက်အတူ

ပြန်ဆုံကြဖို့ပေါ့……………॥

ရွက်စိမ်း

မျက်ရည်

ဖိတ်မခေါ်ပေမယ့်လည်း

ရောက်ရောက်လာတယ်

ဘာကြောင့်လဲ။

တားဆီးခွင့် တွေမဲ့နေခဲ့တာ

ပျော့ညံ့လို့မှ မဟုတ်ဘဲ

တားဆီးရမဲ့ နည်းလမ်းတွေ

ငါမတတ်ကျွမ်းသေးလို့ပါ။


သူဟာ

ဝမ်းနည်းရင်လည်း

ရောက် လာတတ်တယ်။

နာကျင်မှု၊ ဝေဒနာတွေ

ပြင်းထန်တဲ့ ခံစားမှုမျိုးတွေ

တွေ့ကြုံခဲ့ရင်လည်း

ရောက်လာပြန်တယ်။

ဝမ်းသာရင်၊ ပျော်ရွင်ရင်

တောင်မှပဲ သူက

ရောက်ဖြစ်အောင် ရောက်လာခဲ့သေးတယ်။


သူဟာ

တားဆီးနိုင်ဖို့ ဆိုတာ

တကယ်ကို ခက်ခဲ့တဲ့

အရာတဲ့

အဲဒါ မျက်ရည် လေ..မျက်ရည်ပေါ့

လိုည်းလှားညိုဝ်း

Friday, June 20, 2008

LUNATIC VITAL


A'karikz Yannaing

Your mind-power is full of stress
Your eyes' color is pure sadness
The way you look at me is asking for help
The way I look at you is "sorry I can't help"
The way we look at to everywhere is----
"Is there anyone alive or any food left?"

I used to be a doctor in this clinic
You used to be a patient in this clinic
We used to meet for cure in this clinic
This clinic that used to be a clinic in this town
This town that used to be a town
In where all the originalities are now unfound
We are glad to see each other with little hopes
We are sad to see each other helplessly broke

We are not on hunger strike
We just need foods and rice
We don't have a time to fight
We just need to rebuild lives

The killer never kind
Wild cyclone Nargis has left so much carnage
The dictator never mind
Mad-minded militarists have rejected so much aid
Why? Why? Why? Why? Why? Why? Why? Why?
I could never understand these callous vital signs!

{May Those Mismanagements Collapse In Hell Forever!}

A'karikz Yannaing
18/06/2008

ဆုံစည်းရာမှကူးယူဖော်ပြသည်။

Wednesday, June 18, 2008

အလွမ်း

ရွက်ဟောင်းတွေ

ကြွေပြီးတော့

ရွက်သစ်လေးတွေ

ဝေနေကြတဲ့ မိုးရာသီထဲမှာ

ငါ့နှလုံးလေးက

အစိုးမရခြင်းတွေနဲ့

မင်းကို ငါလွမ်းနေမိတယ်……………॥။


ဘာကြောင့်လဲ လို့တော့

မမေးပါနဲ့

အလွမ်းရဲ့ အဓိပ္ပါယ်ကို

ငါကိုတိုင် မဖွင့်ဆို တတ်လို့ပါ……॥။


ဘယ်လောက်လဲ လို့လဲ

မမေးပါနဲ့

အလွမ်းတွေအတွက်

စံချိန်မှီအောင်

ရေးဖွဲ့သီကုံးနိုင်မဲ့

စကားလုံးမျိုး မရှိလို့ပါ…………।။


အလွမ်းတွေရဲ့

အမြင့်ဆုံး ဒီဂရီကို

တိုင်းတာပြစရာ

ဂဏာန်းပုဒ်စာ မရှိလို့ပါ…………।။


အလွမ်းတွေရဲ့

ကျယ်ပြန့် နက်ရှိုင်းမှုကို

နှိုင်းယဉ်ပြစရာ

ဥပမာ မရှိလို့ပါ……………။


တကယ်တော့…

မင်းသိသင့်တာ က

ငါ့ရဲ့အလွမ်းတွေထဲမှာ

ရယူလိုခြင်း

ပူပြင်းတဲ့ အတ္တတွေ

ကင်းနေတယ်ဆိုတာကို ………॥။


ပြီးတော့ …

အလွမ်းတွေ ထဲမှာ

ပေးဆပ်နားလည်မှုတွေနဲ့

ယှဉ်တွဲတဲ့ မေတ္တာ

ထာဝရ ဖြူစင်တယ် ဆိုတာကို …………။

လွေးရွက်စိမ်း

သူ့ကျွန်မခံ

သူတော်လှန်ခဲ့

ရဲရဲတောက်တဲ့

ဒို့ဇာနည်

ပြည်သူချစ်တဲ့

ဗိုလ်ချုပ်အောင်ဆန်း။


စစ်ကျွန်မခံ

သူတော်လှန်နေ

ရဲရဲတောက်တဲ့

ဒို့ ဇာနည်

ဒေါ်အောင်ဆန်းစုကြည်။


ဗိုလ်ချုပ်အောင်ဆန်းရဲ့

မျိုးဆက်သစ်

ပြည်သူတွေရဲ့

အနာဂတ် လမ်းပြကြည်

သူ့တစ်ကိုယ်စာ

သူမလင်း

တစ်ပြည်လုံး ကို

သူဆောင်ကြဉ်းခဲ့တယ်။


ဒါဟာ တို့ခါင်းဆောင်၊

ဒို့အာဇာနည်

၊ဒို့ သူရဲကောင်း

တစ်မိပေါက်မှာ

တစ်ယောက်ထွန်းတဲ့

တောက်တောက်လင်းတဲ့

အာဇာနည်။


တိုင်းချစ်၊ ပြည်ချစ်၊

ပြည်သူချစ်တဲ့

ဒေါ်အောင်ဆန်းစုကြည်။

ကျန်းမာစေကြောင်း

ဆုမွန်ကောင်းတောင်း

အောင်နိုင်စေကြောင်း

တောင်းဆုပြုကြောင်း

လွတ်မြောက်စေကြောင်း

ဆုတောင်းခြင်းဖြင့်

ဦးညွတ်ဂုဏ်ပြုလျှက်။


၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းဆုကြည်မွေးနေ့အား သက်တော်ရာကျော်ရှည်စေကြောင်း ဆုတောင်းဂုဏ်ပြုရင်း……………..။

Thursday, June 12, 2008

မေမေ

နှုတ်နဲ့လည်းပြောပြခွင့်မရခဲ့

စာနဲ့လည်း ပို့ခွင့်မကြုံတဲ့

ချစ်သမီးရဲ့ ရ့င်ထဲက

စကားလုံးပြောပေါင်းများစွာကို

မေမေကြားနိုင်လိမ့်မယ်လို့

ရင်ထဲက အလိုလိုယုံကြည်မိပါတယ်။



ချစ်သမီးအတွက်

စိုးရိမ်ပူပန်တတ်လွန်းတဲ့

မေမေရဲ့ အမူအရာတွေ

ဆိုးပေလွန်းတဲ့ ချစ်သမီးကို

ဆူပူတတ်တဲ့ မေမေရဲ့

ဂရုဏာ ဆဲဆိုသံတွေ

သမီးမြင်ယောင်လွမ်းမိပါတယ် မေမေ။

ခုဆိုရင်

သမီးလေး ဘယ်အရပ်ကို ရောက်လို့

ဘယ်လိုများနေရှာမလဲ ဆိုတဲ့

စိုးရိမ်မှုတွေနဲ့ ပူပန်နေမဲ့

မေမေအတွက်

သမီး စိတ်မကောင်းခြင်းနဲ့အတူ

ရင်ထဲမှာ

တောင်းပန်နေမိတယ် မေမေ။

ဒါပေမယ့်

သမီးအခု လျှောက်လှမ်းနေတဲ့

ဘ၀ပန်းတိုင်ကို

သိနိုင်ခဲ့မယ်ဆိုရင်

မေမေကျေနပ်မယ် လို့

သမီးထင်ပါတယ်။

သမီးလေ

မေမေတို့အပါအ၀င်

မြန်မာပြည်တစ်ခုလုံးအတွက်

ဒီခေတ်ဆိုး ခေတ်ပျက်ကြီးထဲမှာ

ပြည်သူတွေခံစားနေရတဲ့

ဒုက္ခဆင်းရဲက

လွတ်မြောက်နိုင်ဖို့

တစ်ထောင့်တစ်နေရာက

သမီးပါဝင်နေတယ်ဆိုတာ

မေမေသာသိခဲ့မယ်ဆိုရင်………။

လွေးလှားညိုဝ်း

Tuesday, June 10, 2008

မိုးစက်

မိုးစက်လေးတွေရယ်

နှစ်ကိုယ်တူယှဉ်တွဲ

ကြည်နူးခဲ့တဲ့ အတိတတ်က

ပုံရိပ်တွေကို

မေ့မရခြင်းနဲ့အတူ

သတိရလွမ်းဆွတ်မှုတွေကို

မင်းက

ကိုယ့်ဆီကိုရောက်အောင်

သယ်ဆောင်လာခဲ့ပြီပဲ။


တချိန်တုန်းက

အမှတ်တမဲ့အဖြစ်

မိုးစက်တွေထဲမှာ

မင်းနဲ့အတူ

ပျော်ခဲ့တာတွေဟာ

ခုတော့

မမျော်လင့် ဘဲနဲ့

အရာအားလုံးဟာ

အမှတ်တရ ဖြစ်ခဲ့ရပြီလေ။


အနာဂတ် မြို့တော်သစ်ဆီကို

နှလုံးသားဗလာ

အကြင်နာမဲ့နေတဲ့

ဦးနှောက်ရဲ့ဦးဆောင်မှုတွေနဲ့

ကြိုးစားလျှောက်လှမ်းရင်းနဲ့

အတိတ်ရဲ့ မြို့ပျက်ဟောင်းဆီက

ဝေဒနာ၊ ဒဏ်ရာဟောင်းတွေကို

လွမ်းမောတမ်းတခြင်းနဲ့အတူ

ချစ်ခြင်းတွေအပြည့်နဲ့

နှလုံးသားလေး တစ်စုံတော့

အမှတ်မထင် ကျန်ရစ်ခဲ့ပြီ။

တို့နှစ်ယောက်ရဲ့ အချစ်တွေနဲ့

တည်ဆောက်ခဲ့တဲ့

နှလုံးသားမြို့တော်လေး

ခုတော့ နာကျင်မှုဝေဒနာတွေ

ပြင်းရှတဲ့ဒဏ်ရာတွေနဲ့အတူ

အထီကျန်ခြင်းက

လက်ဝါးကြီးအုပ်သွားခဲ့တယ်။



အတိတ်ရဲ့ မြို့တော်ဟောင်းကို

မင်းရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်

ရေရာမှုမရှိတဲ့ ထင်မြင်ချက်တွေနဲ့အတူ

စာနာမှုဆိုတာကို ဥပေက္ခာပြု

ချစ်ခြင်းဆိုတာကို

အစားမှုတွေနဲ့မေ့ပစ်

သစ္စာတရားကို

စက္ကူလေးတစ်ရွက်လို

စုတ်ဖြဲပြီးတော့

ထွက်ခွာသွားခဲ့တယ်နော်။


တို့ကတော့

မင်းထားခဲ့တဲ့ ဒဏ်ရာ

မင်းပေးခဲ့တဲ့ ဝေဒနာတွေကို

ထွေးပွေ့ရင်းနဲ့

ခံစားချက်မဲ့စွာ

မရေရာတဲ့ဘဝ

မသေချာတဲ့

အနာဂတ်ဆီကို

စက်ရုပ်တစ်ရုပ်လို

အတိတ်နန်းတော်ဟောင်းဆီိကို လည်း

လည်ပြန်ကြည့်ရင်းနဲ့

အနာဂတ် နန်းတော်သစ်ဆီကိုလည်း

လျှောက်လှမ်းနေတယ်လေ

မိုးစက်လေးတွေနဲ့အတူပေါ့။


ဒါကို

မိုးရာသီရောက်တိုင်း

အချိန်မှန် ပုံမှန်ရောက်လာတတ်တဲ့

မိုးစက်လေးတွေက

အသိပါ။

တို့ကလည်း မိုးစက်လေးတွေကို

မြင်နေသရွေ့

ဘယ်တော့များမှ

မင်းကိုမေ့နိုင်မှာလဲ။


မိုးစက်လေးတွေရေ…

ပြောပြနိုင်ရင်

ပြောပြပေးလိုက်ပါကွာ။

လိုည်းကော်ည်

Wednesday, June 4, 2008

ကဗျာ


ကဗျာဆိုတာ ကဗျာပါဘဲ

စာပါဘဲ

ဒါပေမယ့် ကဗျာ၊စာတွေရဲ့

နောက်ကွယ်မှာ

မြင်ချင်မှမြင်လိမ့်မယ်

ခံစားချက်၊ မျော်လင့်ချက်

ဘ၀ရဲ့အဓိပါယ်တွေ

မမြင်နိုင်တဲ့ စွမ်းအား

မကြားနိုင်တဲ့ နှစ်သိမ့်မှု

မပြောပြနိုင်တဲ့

စကားလုံးပေါင်းမြောက်များစွာနဲ့

ကဗျာဆိုတဲ့ ကဗျာကို

ဖွဲ့နွဲ့ သီကုံးထားတာပါ။

အဲဒါကြောင့်

ကဗျာထဲမှာ လျှို့ဝှက်မှုတွေ

နာကြဉ်းမှုတွေ

ပျော်ရွင်မှုတွေ

ချစ်ခင်မှု၊ မုန်းတီးမှုတွေ

ဆန္ဒတွေ နဲ့

ပါဝင်ရေးဖွဲ့ထားတာပါ။

ဒါကြောင့်

ကဗျာ ဟာ

တကယ့် နှလုံးသား

ခံစားချက်တွေနဲ့

ဖတ်မှ ကဗျာရဲ့ သဘောကို

ကဗျာရဲ့ အနှစ်သာရကို

ခံစားနိုင်လိမ့်မယ်။

လွေးလှားညိုဝ်း

;;