Saturday, May 31, 2008

ကျရှုံးသူ


တကယ်တော့ ငါဟာ မင်းကို စတင်ပြီးတော့ နှလုံးသားကနေ နှစ်နှစ်ကာကာ ချစ်မိကတည်းက ငါဟာ ကျရှုံးခဲ့ပြီးသားပါ။ မင်းရဲ့ အချစ်၊ အကြင်နာတွေကြားမှာ ငါ့နှလုံးသားလေးတစ်စုံ ဒူးထောက်အရှုံးပေးခဲ့တယ် မင်းရဲ့ နှလုံးသား တစ်စုံရဲ့ ရှေ့မှာပေါ့။

တစ်ချိတန်တစ်ခါတုန်းက ငါ့ရဲ့ မာနကြီးတဲ့ စိတ်ဓာတ်၊ အကြင်နာမဲ့ခဲ့တဲ့ နှလုံးသား ၊ ကောင်လေးတွေကို အထင်မကြီးဂရုမစိုက်တတ်တဲ့ နှလုံးသားတစ်စုံ ဒါတွေ ဒါတွေ အားလုံးကို မင်းပြောင်းလဲပေးခဲ့တယ်။ မင်းရဲ့ အချစ်စွမ်းအားတွေကြောင့် ငါကျေနပ်စွာ ပြောင်းလဲခဲ့တာပါ။

ငါ့ရဲ့ ဘ၀ထဲကို မင်းဝင်လာပြီးတော့ အချစ်ဆိုတာကို စာမျက်နှာ တစ်အနေနဲ့ မင်းသင်ပေးခဲ့တယ် ။ ဒါပေမယ့် အချစ်တို့ ရဲ့ ကုန်ဆုံးရာ နာကြည်းခြင်းစာမျက်နှာသုံးကိုတော့ မင်းသင်မပေးခဲ့တော့ ငါ့မှာ မင်းကို မမုန်းတတ်ဘူး၊ မမုန်းနိုင်ဘူးဖြစ်နေခဲ့တယ်။ မျော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ ငါမင်းကို လွမ်းခဲ့ ၊တမ်းတခဲ့တာပါ ဒါပေမယ့် အဲဒီမျော်လင့်ချက် အိပ်မက်လေးတွေဟာ မင်းရဲ့ “ လက်ထက်ပွဲ” တော်ကြီးကျင်းပခဲ့တဲ့ ရက်မှာ တစ်စစီ အစိတ်စိတ် အမွှာအမွှာကွဲကြေ သွားခဲ့တယ်။ ငါ့ရဲ့နှလုံးသားတစ်စုံနဲ့အတူပေါ့။

မင်းရဲ့ ပြောင်းလဲမှုတွေအတွက် ငါကျေနပ်ပါတယ် ဟာ ။ ၀မ်းမသာပေမယ့် ၀မ်းမနည်းမိအောင် ငါကြိုးပါတယ်။ မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ မဆုံးနိုင်တဲ့ အိပ်မက်ရှည်ကြီးကို မက်နေရတဲ့ ငါ့အတွက် အဲဒီအရာ လန့်နိုးစေခဲ့ပြီလေ။ ခုတော့ ပြီးပြီးပေါ့ ………………အရာအားလုံးဟာ ပြီးဆုံးသွားပြီလေ။ အဆုံးအတွက် ဆုံးသွားအောင် မသတ်တတ်ခဲ့တဲ့ ငါ့အတွက် မင်းကအဆုံးသတ်ပေးခဲ့တယ်။ ငါယုံကြည်ပါတယ် ဟာ မင်းငါ့အပေါ်မှာ သစ္စာမဲ့သွားတာမဟုတ်ပါဘူး နောက်တစ်ယောက်အပေါ်မှာ သစ္စာရှိသွားတာပါ။ မင်းရဲ့ သစ္စာတွေ ထာဝရတည်တံ့ခိုင်မြဲပါစေလို့ ငါတောင်းဆုပြုနေပါ့မယ်။

ငါဟာအမြဲတမ်းကျရှုံးနေသူ တစ်ယောက်ပါ မင်းနဲ့ပတ်သက်ခဲ့ရင်ပေါ့လေ။ ဆုံးရှုံးခြင်းကို ရင်ဆိုင်ခဲ့ရဖူးတဲ့သူတစ်ယောက်က နောက်ထပ်ဆုံးရှုံးမှုတွေအတွက် ထူးပြီးဝမ်းနည်းစရာမရှိဘူးဆိုပေမယ့် မင်းကို ထာဝရ စာအတွက် ဆုံးရှုံးပြီဆိုတာကို သိလိုက်ရတဲ့ အချိန်မှာတော့ ငါဟာကမ္ဘာပျက်မတတ်ခံစားခဲ့ရတာပါ။ အော်………….ခုတော့လည်း သတိရရုံကလွဲပြီးတော့ ပိုတဲ့ခံစားမှုတမ်းတမှုတွေထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူးလေ။ မင်းနဲ့ ပတ်သက်ခဲ့ဖူးတဲ့ အတိတ်ကစာမျက်နှာအားလုံးကို ချန်ထားခဲ့လိုက်ပြီ၊ ချန်ထားခဲ့ပါရစေ။ ဒါပေမယ့် တိုက်ဆိုင်မှုနဲ့အတူ သတိရခဲ့ရင်လည်း မင်းခွင့်လွတ်နိုင်လိမ့်မယ်လို့ ငါမျော်လင့်ပါတယ်။ အစားထိုးဖို့ (သို့) နောက်ထပ်အချစ်သစ်တစ်ခုကို လက်ခံဖို့ ငါ့နှလုံးသားက ငြင်းဆန်နေသေးသမျှတော့ မင်းကိုမေ့ပစ်ဖို့ ငါ့အတွက်ခက်ခဲပါလိမ့်မယ်။

ဒါပေမယ့် ငါဟာခုချိန်မှတော့ လွတ်လပ်မှုအပြည့်နဲ့ ပျော်ရွင်တဲ့ သူတစ်ယောက်တော့ဖြစ်ပါရစေ နှောင်ဖွဲ့မှုတွေ ကင်းကင်းနဲ့ပေါ့။ ငါလိုရာကို ပျံသန်းပါရစေ ။ ကျယ်ပြောလှတဲ့ကောင်းကင်ကြီးကို အစကနေ အဆုံးထိ ငါလွတ်လပ်စွာပျံသန်းခွင့်ပေးပါ။ ငါ့ရဲ့ အနာဂတ်၊ ပန်းတိုင်တွေနဲ့အတူပေါ့။ နောက်ပြီးတော့ ရှုပ်ထွေးလွန်းတဲ့ သံယောဇဉ်နှောင်ကြိုးတွေအားလုံးကို ငါဥပေက္ခာပြုထားခဲ့ပါရစေ။

အချစ်၊အမုန်း၊နာကြဉ်းမှုတွေ၊ကြေကွဲမှုတွေ၊ ခံစားမှုတွေ၊ လွမ်းဆွေးမှုတွေ အားလုံးမျက်ရည်နဲ့အတူ အားလုံးကို မေ့ထားခဲ့ပြီးတော့ လွတ်လပ်ပေါ့ပါးစား ငါ ပျံသန်းချင်ပါတယ်။

ကို ……..

အချစ်စာမျက်နှာ တစ်မှာ

မကုန်ဆုံးနိုင်တဲ့

အချစ်တွေရှိတယ်နော်။

အချစ်စာမျက်နှာ နှစ်မှာလည်းပဲ

မဟောင်းနွမ်းတတ်တဲ့

မပြောင်းလဲတတ်တဲ့

အကြင်နာမြတ်နိုးမှုတွေ

ရှိတယ်ဆိုတာ

ငါမတောင်းဆိုခဲ့မိဘူး။

ဒါပေမယ့်

မင်းက ငါ့ဘ၀ထဲ

ဝင်လာပြီးတော့

နှလုံးသား တခါးကို

အချစ်ဆိုတဲ့သော့နဲ့

ဖွင့်ရင်းနဲ့ ထားခဲ့တယ်နော်။

အဲဒီဘ၀ထဲမှာ

မင်းက အလွမ်းအဆွေးနဲ့

ကြေကွဲမှုမျက်ရည်တွေ

ထားခဲ့ပြီးတော့

မင်းပြန်သွားခဲ့တယ်နော်။

ကို………….

မေ့သွားလို့ထင်ရဲ့နော် ။

အရာအားလုံးကို

နာကြည်းမှုနဲ့အတူ

ရင်နာနာနဲ့မေ့နိုင်ဖို့

အမုန်းဆိုတဲ့

စာမျက်နှာသုံးကိုတော့

မင်းချန်ထားခဲတယ်။

တမင်တကာပဲ

သင်မပေးချင်လို့လား။

တကယ်ပဲမေ့သွားလို့လား

ကို ကိုယ်တိုင်ကရော

အဲဒီစာမျက်နှာသုံးဆိုတဲ့

အမုန်းကို

ကျေညက်နေပြီလား။

ဒါမှမဟုတ်

ကိုတိုင်မသိမတတ်ခဲတာလား။

သိခွင့်ရှိမယ်ဆိုရင်

သိပါရစေ ကိုရယ်။


လွေးလှားညိုဝ်း


Wednesday, May 28, 2008





ဇာနည် Blog မှ သူငယ်ချင်းတွေအတွက် ပြန်လည်ဖြန့်ဝေပေးတာပါ။ကိုတိုင်လဲစိတ်ဝင်စားတာပါ။

Tuesday, May 20, 2008




ကောင်လေးအတွက် (၂)





ကောင်လေး…………………..

ဘ၀မှာ

ကိုဖြစ်ချင်နေတဲ့ အရာတစ်ခုနဲ့

ဖြစ်သင့်နေတဲ့အခြေအနေတစ်ခုမှာ

သီခြားစီဖြစ်နေခဲ့မယ်ဆိုရင်

မင်းဘာကိုရွေးချယ်မလဲ ……….။

ကောင်လေးရယ် ………

ငါက

အချစ်ဆိုတာဟာ

ဘ၀နဲ့ သီခြားစီလို့

ယုံကြည်လက်ခံနေတဲ့သူ….။

ဒါပေမယ့် မင်းက

အချစ်ဆိုတာဟာ ဘ၀ပဲလို့

အချစ်နဲ့ ဘ၀ကတစ်ထပ်ထည်းပဲလို့

ယုံကြည်လက်ခံထားတဲ့သူ ….။

ယုံကြည်မှုတွေ မတူညီနိုင်တဲ့

တို့နှစ်ယောက်ကြားမှာ

လေပြေလေးတစ်ချက်

ဝင်ယုံနဲ့

စကားလေးတစ်ခွန်း

မှားယုံနဲ့

အရာရာဟာ

စိမ်းသက်သွားနိုင်တယ်။

ဒီလိုအပြောကို

လွယ်လွယ်မင်းလက်မခံနိုင်မှန်း

ငါက သိနေပါတယ်။

ဒါပေမယ့်

အက်သွားတဲ့ နံရံ တစ်ချက်ကို

ပြန်လည်ဖာထေးရင်တောင်မှ

အက်ကြောင်းဆိုတာ

ရှိနေတာပဲ။

တို့နှစ်ယောက်ကြားက

လွဲမှားနေတဲ့

ယုံကြည်မှုကိုရော

ဘယ်လိုအရာတွေနဲ့

ပြုပြင်ဖာထေးရမလဲ...........။

အက်ကြောင်းကင်းကင်လေးနဲ့ပေါ့။

Friday, May 16, 2008





အလှူလုပ်ရန် နေရာများ
Donate Here!
World Vision - Unicef
Give to Burma - Just Give
US Campaign for Burma
Burma Campaign UK
Google Donations
Burmese Monks Association
America Burma Buddhist asosiyeshan

ကိုတီး Blog မှ ကူးယူဖော်ပြသည်







ကျမတို့ပြည်သူတွေရဲ့ ရင်နာစရာဖြစ်ရပ်။


"ဒါကတော့ ကျမ လွေးရွက်စိမ်းရဲ့ ခံစားချက်၊ထင်မြင်ချက်သက်သက်ပါဘဲ။ ရေးချင်တာ ပြောချင်တာဘဲရှိတာပေါ့နော် စာလုံးအနေအထားတွေ၊ အသုံးအနှုန်းလေးတွေကတော့ မိတ်ဆွေသူငယ်ချင်းတွေအတွက် ပြည့်စုံ လုံလောက်မှုရှိမှာမဟုတ်ပါဘူး။ အဲဒီအတွက်ရွက်စိမ်းကြိုပြီးတော့တောင်းပန်ပါတယ်။"


စစ်အာဏာရှင် မှ စစ်အာဏာ ရှင်ပါလား။

အာဏာရှင် စစ်သွေးကြွတွေရဲ့ လုပ်ရပ်တွေဟာ အရမ်းကိုဘဲယုတ်မာပတ်စက်လွန်းပါတယ်။ အောက်တန်းကျတယ်လို့ပြောရင်တောင်မှ သူတို့အတွက်လုံလောက်မှုရှိမယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ မုန်တိုင်းကြောင့်လူပေါင်းတစ်သိန်းကျော်သေကြေပြီးတော့ တစ်သန်းကျော် အိုးအိမ်မဲ့

ဖြစ်ခဲ့ပြီးတော့၊ငတ်ပြတ်ဒုက္ခရောက်နေတာကို အာဏာရှင် နအဖဟာ အပြုံးလေးတစ်ချက်တောင်မှ မပျက်ဘဲနဲ့ ကြည့်နေတဲ့အပြင် သူတို့ရဲ့အာဏာတွေတည်မြဲဖို့အတွက် လူထုဒုက္ခကိုဥပေက္ခာပြုပြီးတော့ မေလ(၁၀)ရက်နေ့မျာ ညောင်နှစ်ပင်ကရေးဆွဲထားတဲ့ သူတို့ရဲ့ ဘောင်မ၀င်တဲ့ ဖွဲ့စည်းပုံကို မတရာတဲ့နည်းလမ်း၊မသမာတဲ့နည်းလမ်းမျိုးစုံနဲ့ အာဏာသုံးခြိမ်းခြောက်ပြီးတော့ လူထုကိုထောက်ခံခိုင်းခဲ့တယ်။ ခုချိန်ထိပြည်သူတွေကို ဖိနှိမ်ညဉ်းပန်းနေဆဲပါပဲ။ ဒီလိုမျိုး မတရား

တဲ့ နည်းမျိုးစုံကိုသုံးတာတောင်မှ ကန့်ကွက်မဲက နိုင်နေတယ် လေ ဒါကို တဖက်လှည့်ပြီးတော့ မရားတဲ့ နည်းနဲ့ ထောက်ခံမဲနိုင်တယ်လို့ပြန်ပြီးအသံလွင့်ခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ ဒါတွေဟာအကင်းပဲရှိသေးတာပေါ့နော်။ အဆိုးဆုံးကတော့ တော်တော်ကိုမ လူမဆန်တဲ့ နအဖ စစ်ဘီလူးတွေရဲ့လုပ်ရက်ကတော့ ကန်းကုန်အောင်မိုက်ရိုင်းပြလိုက်တာပါပဲရှင်။ ဘာလဲဆိုရင်တော့ လေဘေးဒုက္ခသည်တွေကို အစိုးရအနေနဲ့ ကိုယ့်ပြည်သူလုထုအပေါ်မှာ ကူညီထောက်ပံ့မှုမပေးတဲ့အပြင်

လာရောက်ကူညီပေးကြတဲ့ သူတွေကိုလည်းအမျိုးမျိုးအဖုံဖုံနှောက်ယှက်ကြတယ် နောက်ပြီးတော့လည်း အလှုပစ္စည်းတွေ၊ နိုင်ငံတကာနဲ့ UN ကပေးတဲ့ ကယ်ဆယ်ေ၇းပစ္စည်းတွေ၊ အစားအစာတွေ၊ ပစ္စည်းတွေကိုလည်း နအဖရဲ့ နောက်လိုက်စစ်ခွေး၊ ကြံ့ဖွံ့၊ စွမ်းအားရှင် တွေကလမ်းခုလတ်မှာတင် လုယက်စားသောက်လိုသောက်၊ ပြန်ရောင်းလိုရောင်းနဲ့ အလုပ်ဖြစ်နေကြတယ်။

ကယ်ဆယ်ရေးပစ္စည်းမျာခိုးထုပ်နေပုံ

နောက်ပြီးတော့လည်း ပို့လာတဲ့ပစ္စည်းအကောင်းစားတွေကိုအညံ့စားနဲ့လဲလိုက်လုပ်နေကြတယ်။ အလှူပစ္စည်းတွေကိုလည်း သူတို့ကလှူသလိုလိုနဲ့ အသံကောင်းဟစ်ပြီးတော့ မှတ်တမ်းယူပြီးသတင်းလွင့်နေသေးတယ်။ ဒါတင်မကသေးဘူး လေဘေးဒုက္ခသည်အတွက် ရန်ပုံငွေဆိုပြီးတော့လည်း မြို့အနှံ့လိုက်လံပြီးတော့ ကောက်ခံစုဆောင်းနေသေးတယ် ဒါတွေဟာ ဒုက္ခသည်တွေအတွက်ဟုတ်ပါ့မလား။ ဒုက္ခသည်တွေကို အလွဲသုံးစားလုပ်ပြီးတော့ များ ကိုယ်ကျိုးရှာနေတာလားဆိုတာတော့ ဘယ်သူကမှ သံသယကင်းမယ်မထင်ပါဘူး။ ဒါတွေကိုကြည့်မယ်ဆိုရင်တော့ စစ်အစိုးရဟာ တိုင်းပြည်ကျိုးကြည့်တာလား၊ ကိုကျိုးကြည့်တာလားဆိုတာကိုတော့ အားလုံးသိမယ်ထင်ပါရဲ့ ။နောက်ပြီးတော့ နအဖလုပ်တဲ့ ဖွဲ့စည်းပုံဟာလည်း ပြည်သူအတွက်လုံးဝမဖြစ်နိုင်ဘူးဆိုတာ ဒီဖြစ်ရပ်ကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ခုလည်းသတင်းလွင့်ပြန်ပြီ ဖွဲ့စည်းပုံကို ပြည်သူများက တစ်ခဲနက်ထောက်ခံတယ်တဲ့။” မဲပေးခွင့်ရှိသူ ၂၂ သန်းရဲ့ ၉၉% က မဲဆန္ဒတွေ ပေးခဲ့ကြရာမှာ ၉၂।၄% က ထောက်ခံခဲ့ကြတယ်လို့ ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်တိုးက မြန်မာ့အသံက ဒီနေ့ကြေ ညာလိုက်တာ ဖြစ်ပါတယ်”။ ဒါတွေဟာဖြစ်နိုင်ခြေရောရှိပါ့လား။နောက်ထပ်လာပြန်ပြီ တစ်မျိုး ဒုက္ခသည်တွေကို မဲထည့်ဖို့ ရွာပြန်ပို့မယ်တဲ့။ ဒါတွေဟာ တော်တော်ကိုဒေါသထွက်စရာ ခံပြင်းစရာ ကောင်းပါတယ်။ဒါကိုကျမတို့ပြည်သူတွေက ဒီတိုင်းကြည့်နေမှာလား။ နိုင်ငံတကာကရော၊ အတိုက်အခံအဖွဲ့တွေရော ဒီတိုင်းကြည့်နေယုံဘဲလား။


နောက်ထပ်ပြောရမယ်ဆိုရင်တော့ နအဖ ဟာ သူရဲ့အာဏာထိခိုက်မှာ၊ သူရဲ့ ဟန်ဆောင်မျက်နှာဖုံးကွာကျမှာ ကြောက်ပြီးတော့ ဒုက္ခသည်ကူညီဖို့လာတဲ့ နိုင်ငံခြားသားတွေကို VISA ထုပ်မပေးပဲ ပိတ်ပင်ထားတယ်။ နိုင်ငံတကာကူညီမယ်ဆိုတော့လည်း ခေါင်းမာပြီးတော့ လက်မခံဘူး။ ကုန်ဈေးနှုန်းတွေလည်း နယ်အနှံ့ပဲ တက်တက်လာတယ်။တနိုင်ငံလုံးလည်း ငတ်ပြတ်ခါနည်း အခြေအနေတွေကို လျစ်လျှူ ရှုထားတယ်။ MRTV မှာဆိုရင်လည်း လိမ်ညာသတင်းတွေကိုပဲ ဆက်လက်လွင့်နေပြီးတော့ နိုင်ငံတကာကို ခုထက်ထိလိမ်ဖို့ကြိုးစားနေတုန်းပါပဲ။

ဒါတွေကို ပြည်သူတွေလည်းသိတယ် နိုင်ငံတကာလည်းသိနေပြီ ဒါကို ဒီတိုင်းဘဲဆက်လက်ရပ်တည်နေမယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ အခြေအနေဟာ တော်တော်ကို စိုးရိမ်ရပါတယ်။ ခုနိုင်ငံတကာက ရှုံ့ချပြောဆိုနေကြတယ် ဒါပေမယ့် ဒီလိုနည်းတွေကတော့ နအဖ အတွက်ဘာမှ ဖြုံမှာမဟုတ်ပါဘူး ဂရုလည်းစိုက်မှာမဟုတ်ဘူးဆိုတာ ကျမသိပါတယ်။ အဲဒါကြောင့် တခြားထိရောက်နိုင်မယ့်နည်းလမ်းမျိုးကို သုံးစေချင်ပါတယ် နောက်ပြီးတော့ UN ကနေ နအဖခွင့်မပြုရင် အတင်းဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လည်းကျမထောက်ခံအားပေးပါတယ် ဖြစ်နိုင်ရင်ဒီထက်ပိုပြီးတော့ လုပ်ပေးစေချင်ပါတယ်။ ဒီလိုပြောလို့ နိုင်ငံတကာကို ပုံပြီးတော့ လုပ်ခိုင်းတာတော့မဟုတ်ဘူးပေါ့နော်။ ဒီအခြေအနေမှာကျမတို့ပြည်သူလူထုတွေလည်း သည်းခံခေါင်းငုံ့နိုင်တဲ့ အတိုင်းအတာကုန်သွားပြီလို့ကျမထင်ပါတယ် ဒါကြောင့်မို့လို့ပြည်သူတွေလည်း တက်ကြွစွာပါဝင်လာလိမ့်မယ်လို့ကျမ မျော်လင့်ယုံကြည်ပါတယ်။ ဒီတိုင်းပဲဆက်သွားမယ်ဆိုရင်တော့ လူတွေကလည်း နေ့တိုင်းဆက်တိုက်သေနေမှာဘဲ ။ကုန်ဈေးနှုန်းတွေလည်း ကြီးလာပြီးတော့ကျမတို့ပြည်သူတွေက ငတ်ပြတ်ပြီးတော့သေကုန်တော့မယ့် အခြေအနေမျိုးဖြစ်လာနိုင်တယ်။ ကျမတို့နိုင်ငံဟာလည်း စစ်အာဏာရူးတွေလက်ထဲ တကယ် တရားဝင်ရောက်သွားမယ်ဆိုရင်တော့ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မိဘပြည်သူများအားလုံးလည်း ကိုယ့်ရဲ့ဆန္ဒမှန်ကို ထုတ်ဖော်ဖို့ အချိန်ကျရောက်ပြီ ထုတ်ဖော်သင့်ပြီလို့ပြောချင်ပါတယ်။


Friday, May 9, 2008



ငါဟာ တစ်ကယ်တမ်းတော့ စိတ်ကူးနဲ့ ရူးနေတတ်တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ငါဘာလုပ်မိလဲ ဆိုတာကို ငါကိုယ်တိုင် မသိတဲ့ အဖြစ်ပါလား။

ငါမသိတဲ့ငါ

မင်းဆီက ကြင်နာယုယမှုတွေကို

အကြောင်းပြချက်မရှိဘဲ

မျော်လင့်နေမိတယ် ……။

မင်းဆီက ဂရုစိုက်မှုတွေကို

အကြောင့်မှန်းမသိဘဲနဲ့ လည်း

တောင့်တမိတယ် ……..။

မင်းဆီက အလိုလိုက်မှုတွေကိုလည်း

ဘာဖြစ်လို့

လိုချင်နေရတာလဲ ……..။

ပြီးတော့

ငါကရော ဘာကြောင့်

မင်းအတွက် အဲဒါတွေကို ပြန်ပြီးတော့

ပေးချင်နေမိတာလဲ ……..။

မင်းဆီက တုန့်ပြန်လာမဲ့

ဆန့်ကျင်ဘက် စကားလုံးတွေ

စိမ်းကားတဲ့ အကြည့်တွေ

သူစိမ်းဆန်တဲ့ အပြုအမှုတွေကို

ဘာကြောင့်မို့လို့ လက်ခံရမှာ

စိုးရွံ့နေရတာလဲ ……..။

ငါကရော ဘာကြောင့်  ……

မင်းကို အဲဒီလိုပြောဖို့

စကားလုံးတွေက ရှာမရတာလဲ။

မင်းကိုအဲဒီလို ဆက်ဆံဖို့ အပြုအမှုတွေ

ရှာလို့မရတာလဲ။

မင်းနဲ့ ခပ်ဝေးဝေးမှာ နေဖို့ရော

ငါ့မှာဘာကြောင့်

စွမ်းအားမရှိတာလဲ။

ငါ့ကိုငါလဲ

အကြိမ်ကြိမ် အခါခါ

အခေါက်ပေါင်းများစွာ

မေးခွန်းထုတ်ဖြေကြည့်ဖို့

ကြိုးစားခဲ့တယ်။

ဒါပေမယ့်

ငါ့မှာအဖြေမရှိဘူး

ဘကြောင့် ငါမဖြေနိုင်တာလဲ။

ဘာကြောင့် မသိတာလဲ။

တကယ်တော့

ငါဟာ ….

ငါ့ကိုငါတောင်မှ

မသိတဲ့ ငါပါလား

ဆိုတာကိုတော့

ငါသိလိုက်တယ်…………။

မေမေ

မေမေ


မေမေ

လူကြုံမလာ စာမပါးလို့

မေ့မေ့ကို သတိမရဘူးလို့

မထင်ပါနဲ့နော်။

မေမေ

ဖုန်းမခေါ် အသိမပေးလို့

မေမေ့ကို ဥပေက္ခာပြုတယ်လို့

မတွေးပါနဲ့နော်။

မေမေ

သတင်းမကြား စကားမပါးလို့

မေမေ့ကို မလွမ်းဘူးလို့တော့

မစဉ်းစားပါနဲ့နော်။

မေမေ

အစဉ်ထာဝရ သတိရလျှက်

နေ့စဉ်ညတိုင်း

မေတ္တာဝေ၊ တောင်းဆုချွေတာကာ

မေမေကျန်းမာစေကြောင်း ၊

နေကောင်းကြောင်းပါမေမေ။

မေမေ

နေ့စဉ်ရက်ဆက် ခံစားချက်တွေကို

စာရွက်ဖြူပေါ် မှင်ပြာတင်ပြီးတော့

သတိရကြောင်း၊ လွမ်းကြောင်းတွေကို

မမောတမ်း ရေးစပ်သီကုံး

စကားလုံးတွေနဲ့ စုစည်းလျှက်ပါမေမေ။

ဒါပေမယ့်ပေါ့ မေမေရယ်………………။

သမီးရေးတဲ့ စာလွှာ

သမီးတိုင်တည်တဲ့ စကား

သမီးရေရွတ်တဲ့ အသံ

သမီးပေးတဲ့ အနမ်း

သမီးပြောတဲ့ ရင်ဖွင့်သံတွေ

မေမေ့ဆီမရောက်နိုင်တာကို

နားလည်ပေးပါမေမေ။

မေမေ

သမီးပြန်လာလမ်းကို

မျှော်ရမ်းမှန်းဆနေမဲ့ မေမေ့အတွက်

သမီးရဲ့ လက်ရှိအခြေအနေက

မေမေ့ရဲ့ ဆန္ဒတွေကို

ဖြည့်စွမ်းမပေးနိုင်သေးတာ ခွင့်လွတ်ပါ။

မေမေ

သမီးရဲ့ ဘ၀လမ်း

ကြမ်းတမ်းမှုတွေကို

ကျော်ဖြတ်နိုင်တဲ့နေ့

မေမေ့ဆီကို

အောင်မြင်မှု ပန်းတွေနဲ့

မေမေနဲ့အတူဆင်မြန်းနိုင်ဖို့

သမီးပြန်လာခဲ့မယ်မေမေ။

အဲဒီအချိန်လေးကို မေမေ စောင့်နေပါနော်………။

Tuesday, May 6, 2008

Impact from Cyalone Nargis

မေလ ၅ ရက် ၂၀၀၀၈ ခုနှစ်။

ဖွဲစည်းပုံ အခြေခံဥပဒေမူကမ်း ဆနခံယူပွဲတွင် ထောက်ခံမဲပေးရန် လိုက်လံ စည်းရုံးနေသော ရှမ်းပြည်မြောက် ပိုင်း နမ်ခမ်းမို ကံခိုင်ဖွံ့ဖြိုးရေးအသင်းမှ အသင်းဝင်များအား အမည်မသိ သေနတ်သမားများက တိုက်ခိုက်ခဲ့ရာ မိုနယ် အတွင်းရေးမှူး အပါအ၀င် ၂ ဦး သေဆုံးသွား သည်

နမ်ခမ်းမို နမတီးကျေးရွာသို ထောက်ခံမဲပေးရန် စည်းရုံးနေသော ကံခိုင်ဖွံ့ဖြိုးရေး အသင်းဝင် ၅ ဦးကို ယမန် နေညနေ (၅)နာရီတွင် သေနတ်သမား သုံးဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်

ကံခိုင်အတွင်းရေးမှူးဦးကျော်မြင့်နှင့် အတူ အသင်းဝင်တစ်ဦးမှာသေနတ်ဒ်ရာများနှင့် နေရာတင် ပွဲခြင်းပြီး သေဆုံးခဲ့ပီး ကျန်အသင်းဝင် ၃ဦးမှာ နမ်ခမ်းဆေးရုံ အတွင်းလူနာ အဖြစ်ကုသမခံနေရသည်ဟု ဒေသခံက ပြောသည်

ဒေသခံတွေက ကံဖွံကနအဖနဲပေါင်းပြီး ဒီဒေသကိုစိုးမိုးခြယ်လှယ်နေတာကို အရင်တည်းက မကျေ နပ်တာ ရှိနေတာနဲ ဆနခံယူပွဲတွက် ထောက်ခံမဲပေးဖို စည်းရုံးရေး ထပ်လုပ်တော လက်မခံတာ မ ကိုက်တာနဲ သည်းမခံနိုင်လို ဖြစ်ပွားပုံရသည်ဟု ဒေသခံက ပြောပြသည်

ပစ်သတ်သွားသော သေနတ်သမားသုံးဦးမှာ မည်သည့် အဖွဲအစည်း ဖြစ်သည်ကို မသိရသေးပေ

မြန်မာစစ်အစိုးရနှင့် စစ်တပ်မှ ကျောထောက်နောက်ခံပြုထားသော ကံခိုင်ဖွံ့ဖြိုးရေးအသင်း အမာခံများက ယခု အပတ် စနေနေတွင် ကျင်းပမည့် ဖွဲစည်းပုံ အခြေခံဥပဒေ မူကမ်း ဆနခံယူပွဲတွင် ထောက်ခံမဲများပေးရန် လှုံ့ ဆော်ခြင်း စည်းရုံးခြင်း ခြိမ်းခြောက်ခြင်းများကို မိုနယ်အတော်များများတွင် ပြုလုပ်လျက်ရှိနေသည်


peace-on-earth.org

ရှမ်းကုန်းပြင်မြင့်မှ ပလောင်အမျိုးသမီးတဦး

နမ့်ခမ်းမြိုနယ် ဒေသတ၀ိုက်အတွင်းရှိ ပလောင်ကျေးရွာများတွင် လက်ဖက်ခြောက်ဈေးနှုန်းများ ကျဆင်းနေပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်၊

“ကျမတို့ နမ့်ခမ်းမြို့နယ် ဒေသတ၀ိုက်တွေမှာ လက်ဖက်ခြောက်ဈေးနှုန်းဟာ ၁၄၀၀ အထိကျဆင်းပြီး အခြားကုန်ဈေးတွေ အရမ်း မြင့်တက်နေပါတယ်၊ ကျမတို့မှာ လက်ဖက်အမျိုးအစား အစားစားရှိပါတယ်၊ လက်ဖက် အကောင်း၊ အလတ်၊ အကြမ်းဆိုတဲ့ အမျိုးအစားများ ရှိပါတယ်၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် ၄၀၀၀ မှ ၅၀၀၀ ထောင်အထိ လက်ဖက်ဈေးကောင်းခဲ့ပါတယ်၊ ယခုနှစ်မှာတော့ လက်ဖက်အကောင်း တစ်ပိဿာကို ၁၄၀၀ နှုန်းနဲ့ ၀ယ်ယူပြီး အကြမ်းအတွက်တော့ ဈေးမရှိပါဘူး၊ ယခုရရှိတဲ့ လက်ဖက်ဈေးနှုန်းနဲ့ ကုန်ဈေးနှုန်းတွေနဲ့ မကိုက်ညီတဲ့ အတွက် ကျမတို့ ပလောင်လူထုတွေရဲ့ အခြေအနေဟာအရမ်းကို ဆိုးရွားနေပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ ယခုနှစ်ထဲမှာ လက်ဖက်ခြောက် ဈေးတွေကျဆင်းပြီး ကုန်ဈေးနှုန်းတွေလဲ အဆမတန်မြင့်မားနေတဲ့အပြင် လက်ဖက်ဝယ်တဲ့လူတွေလည်း မရှိသလောက် ဖြစ်နေပါတယ် ”

“ ယခုလက်ရှိ ဆန်တစ်အိတ်ဆိုရင် နှစ်သောင်း ကျော်ပေးရပါတယ် အဲဒါတောင်မှ ဆန်ထဲမှာ အညံ့ဆုံး ဆန်ပါ၊ အကောင်းဆုံး ဆန်ကတော့ တစ်အိတ်ကို သုံးသောင်းခွဲဖြစ်ပြီး အလယ်အလတ် ဆန်တွေကတော့ နှစ်သောင်းရှစ်ထောင်ကျော်လောက် ပေးရပါတယ်၊ စားဆီဆိုရင် တစ်ဆယ်သားခွက်ကို ၆၅၀ ပေးရပါတယ်။ ဆားတစ်ပိဿာကိုတော့ ၆၀၀ ပေးရပါတယ်၊ လောင်စာဆီများနှင့် ပတ်သတ်ပြီး ဓါတ်ဆီ တစ်ပုလင်း ဆိုရင် တစ်ထောင် ပေးရတယ် ဆိုတော့ ကျမတို့ ရတဲ့ လက်ဖက်ဈေးတွေနဲ့ ကိုက်ညီမှု မရှိပါဘူး ” လို့ ပြောပြပါတယ်၊

kipling/flickr.com

ကလောမြို့အနီးမှ ပလောင်ရွာတခု

ပြီးခဲ့တဲ့ နှစ်က လက်ဖက်တစ်ပိဿာကို ၄၀၀၀ ကျော်မှ ၅၀၀၀ ကျော်အထိ ဈေးကောင်းခဲ့ပြီး မိုးကုန်ပြီး လက်ဖက်ဈေးနူန်းများ ၂၈၀၀ကျပ်နှုန်း အထိ ကျဆင်းလာသည့် အတွက်ကြောင့် ရွာသားများမှာ ယခုနှစ် ၂၀၀၈ အတွင်းရောင်းရန်အတွက် စုဆောင်းထားခဲ့ကြသည်၊ သို့ သော် ယခု ၂၀၀၈ အတွင်းတွင် ၀ယ်ယူသူများ မရှိသောကြောင့် စုဆည်းထားသော လက်ဖက်များ အလဟဿ ဖြစ်သွားကြောင်း၊ ထိုအပြင် လက်ဖက်များကို ခူးဆွတ်ပါက ၀ယ်ယူသူမရှိကြောင်း မခူးဆွတ်ပါက လက်ဖက်များရင့်သွားမည်ဖြစ်သည်၊ ထိုသို့ မည်သည့်ဘက်မှ လှည့်လို့ မရသည့်အခြေအနေနှင့် ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံ တစ်ဦးမှ ဆက်ပြောပြပါသည်၊

ပလောင်လူထုဟာ လက်ဖက်ကိုသာ မှီခိုပြီး လုပ်ကိုင်စားသောက်နေကြသည့် တိုင်းရင်းသားဖြစ်ကြပါသည်၊ ဤကဲ့သို့ လက်ဖက်ဈေးနှုန်းများ ကျဆင်းခြင်းနှင့် လက်ဖက်များကို ၀ယ်ယူခြင်း မရှိသည့်အတွက် ပလောင်လူထုတစ်ခုလုံးမှာ ဒုက္ခများ ရင်ဆိုင်နေကြရ ပါသည်၊ ထွှိုအပြင် အခြားကုန်ဈေးနှုန်းများ အဆမတန်မြင့်မားနေသည့်အတွက်ကြောင့် ပလောင်လူထု၏ ရှေ့ရေးများ ဆိုးရွားနိုင်ဖွယ်ရှိကြောင်း တင်ပြ လိုက်ပါသည်။

Published from Palaung Youth Network Group (Ta'ang) Website

;;